#Local_News
Published_31 October 2022

 

အင်းစိန်အကျဉ်းထောင်တွင် ထောင်ဝင်စာပေးပို့မှုများကို ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ပြန်ခွင့်ပြုပြီ ဖြစ်ကြောင်း နစက တာဝန်ရှိသူက ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၄၀ အချိန်ခန့်က ဗဟိုအကျဉ်းထောင်၏ ဝင်ထွက်ဂိတ်ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် အကြမ်းဖက်သမားများ၏ ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲ မှုများဖြစ်ပွားခဲ့ခြင်း ဖြစ်၍ ထောင်ဝင်စာ ပေးပို့မှုများကို ယာယီ ရပ်ထားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် အကျဉ်းထောင်တပ်သား သုံးဦးနှင့် အရပ်သား ငါးဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

 

ရန်ကုန်အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပြီးသည့်နောက်ပိုင်း မန္တလေးအိုးဘိုအကျဉ်းထောင်၏ ထောင်ဝင်စာပေးပို့မှုများကိုပါ ယာယီရပ်ထားခဲ့ရာမှ ယနေ့တွင်ပင် ပြန်လည်ခွင့်ပြုလိုက်ပြီဟု သိရသည်။

 

ပြန်လည်ခွင့်ပြုရာတွင် ယခင်ကဲ့သို့လူခြင်းကို ခွင့်မပြုသေးဘဲ ပစ္စည်းများကိုသာခွင့်ပြုခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးအရ စိစစ်ပြီးမှသာ လက်ခံခြင်းဖြစ်ပြီး လုံခြုံရေးကို အထူးကြပ်မတ်ဆောင်ရွက်ထားကြောင်းလည်း ၊မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ထောင်ဝင်စာပေးပို့မှုလက်ခံမည့် နေ့များမှာ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ များတွင် အချုပ်ထောင်ဝင်စာကိုလည်းကောင်း၊ ကြာသပတေး၊ သောကြာ၊စနေနေ့များတွင် အကျထောင်ဝင်စာကိုလည်းကောင်း စိစစ်ကာပြန်လည်လက်ခံပေးမည်ဖြစ်ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group