#Local_News
Published _ 27 october 2022

 

ရခိုင်ပြည်နယ်၊ စစ်တွေပွိုင့်ကမ်းခြေမှာ ရေနစ်ပျောက်ဆုံးခဲ့သည့် ကလေးငယ် ၃ဦးအနက် နောက်ဆုံးကျန်ရှိသည့် ကလေးငယ်ရဲ့ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၂၇ရက်မှာ ပြန်လည်တွေ့ရှိခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ သိရှိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ရက်က စစ်တွေမြို့ရှိ စစ်တွေပွိုင့်ကမ်းခြေအနီးမှာ ရေနစ်ပျောက်ဆုံးသွားခဲ့သည့် ကလေးငယ် ၃ဦးဖြစ်တဲ့ မောင်အောင်လင်းသူ၊ မောင်ဟိန်းထက်ဝင်းနိုင်နှင့် မောင်ဇွဲဘုန်းပြည့်တို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ယနေ့ အောက်တိုဘာလ ၂၇ရက် နေ့လည် ၁၂နာရီဝန်းကျင်ခန့်၌ နောက်ဆုံးကျန်ရှိတဲ့ ကလေးငယ် မောင်အောင်လင်းသူရဲ့ ရုပ်အလောင်းကို ကျေးတောပိုက်ဆိပ်အနီးမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း အသင်းထံမှသိရသည်။

 

ရေနစ်ပျောက်ဆုံးသွားပြီး ပြန်လည်တွေ့ရှိခဲ့သည့် မောင်အောင်လင်းသူရဲ့ ရုပ်အလောင်းကို စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပြီးခဲ့သော အောက်တိုဘာလ ၂၄ရက်တွင်လည်း ရေနစ်ပျောက်ဆုံးခဲ့ကြသည့် မောင်ဇွဲဘုန်းပြည့်နှင့် မောင်ဟိန်းထက်ဝင်းနိုင်တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

#ymg/NN
#Yangon_Media_Group