#Local_News
Published_26 October 2022

 

ယခုနှစ်တွင် အကျိုးတူလယ်ယာစနစ်ဖြင့် နွေစပါးနှင့်ပဲတီစိမ်းစိုက်ပျိုးအကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက်လိုသည့် ကုမ္ပဏီနှင့် အသင်းအဖွဲ့များကို ဖိတ်ခေါ်ထားကြောင့် စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နွေစပါးသီးနှံနှင့် ဆောင်းပဲတီစိမ်းသီးနှံကို အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတို့နှင့် ညှိနှိုင်း၍ အထက်ပါအတိုင်း ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

 

အကျိုးတူလယ်ယာစနစ်ဆောင်ရွက်လိုသည့်ကုမ္ပဏီ၊အသင်းအဖွဲ့ များအနေဖြင့် အဆိုပါရုံးများထံသို့ ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပဲတီစိမ်းဧက ၂ သိန်း ခန့်ကို အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က သိရသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ်တွင် နွေစပါးဧက ၈သိန်းခွဲ နှင့် ဆောင်းပဲတီစိမ်းဧက၅ သိန်းအတွက် တောင်သူများ သွင်းအားစုအသုံးပြုနိုင်ရေးချေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် လယ်ယာကဏ္ဍနှင့် ပတ်သက်သည့် ကုန်စည်လိုင်းအရေအတွက် ၇ဝ ကိုလည်း သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုဘဲ ယခုနှစ် စက်တင်ဘာလ ၁ ရက်မှ စတင်၍ တင်သွင်းခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group