#Local_News
Published _ 26 october 2022

 

ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် သင်္ကန်းကျွန်းမြို့နယ်ကို ဆက်သွယ်ထားသည့် အမှတ်(၂)ကမာကြည်တံတားပေါ်က ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်တွင် အမျိုးသမီးငယ်တစ်ဦး ခုန်ချသွားခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

 

အဆိုပါ အမျိုးသမီးငယ်ကို လူမှုကူညီရေးအဖွဲ့များက ရှာဖွေခဲ့ကြရာ ယနေ့ အောက်တိုဘာလ ၂၆ရက် နေ့လယ်ပိုင်းကရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း စေတနာ ဘက်စုံပရဟိတ လူငယ်အသင်းက သိရသည်။

 

ယင်းအမျိုးသမီးငယ်မှာ အသက်၂၀နှစ်ခန့် အရွယ်ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း၊ တံတားပေါ်ကခုန်ချသည့်နေ့က ၎င်းတွင်ပါလာသည့် ပစ္စည်းများကို အမှတ်(၂) ကမာကြည်တံတား၏ လျှောက်လမ်းတွင်အမျိုးသမီးကိုင် စလင်းဘတ်အမဲရောင် ၁ လုံး၊ ပိုက်ဆံအချို့ ၊ မိတ်ဆက်လိပ်စာကတ်အချို့၊ တယ်လီဖုန်းနှင့် နားကြပ်ဗူးတို့ကို ချထားခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတားပေါ်က အမျိုးသား ၁ ဦးခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

#ymg/NN
#Yangon_Media_Group