#Local_News
Published_ 24 October 2022

 

၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း ၆၆၅ တွဲ ရောင်းချခဲ့ရကြောင်း သိရပါတယ်။
ဒီကနေ့ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက် စစ်ဆေးကာ ကျောက် စိမ်းအတွဲပေါင်း ၆၆၅ တွဲရောင်းချရပါတယ်။

 

ပြပွဲ ဆဌမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၇၅၁) မှ (၁၅၀၀) ကိုအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွား မှာဖြစ်ပါတယ်။

 

ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ အတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲရောင်းချခဲ့ရပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကိုလည်း အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ဆက်လက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

 

ဒီကနေ့စတင်ရောင်းချတဲ့ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် ပေးချေသွားရမှာဖြစ်ပါတယ်။

 

ygm_mnn
#Yangon_Media_Group