#Myanmar_News
Published 23 Oct 2022

 

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်ရဲ့ အခြေခံလူဦးရေ လစဉ်စိစစ်တိုက်ဆိုက်မှုနှင့် အဆိုပြုမဲရုံတွေ လျာထားသတ်မှတ် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီးဖြစ်တယ်လို့ သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

အဆိုပါလုပ်ငန်းနှစ်ရပ်ကို အောက်တိုဘာ ၁၂ရက်က စတင်ဆောင်ရွက်ခဲ့ရာမှာ အောက်တိုဘာ ၂၀ရရက်မှာ ပြီးစီးခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဦးစောဘလှိုင်တို့ ဦးစီးသည့်အဖွဲ့က အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်ထားရှိမှုအခြေအနေများနှင့် အဆိုပြုမဲရုံလျာထားချက်များကို စိစစ်အတည်ပြု သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်တွေ့ရှိချက်များအရ ရန်ကုန်တိုင်း ဒေသကြီး ၄၅ မြို့နယ်၏ မြေပြင်တွင် နေထိုင်သူဦးရေစာရင်းတွင် ၁၅၃၆၂ ဦး၊ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းတွင် ၈၅၆၅ ဦး၊ နိုင်ငံသားကတ်ရှိသူစာရင်းတွင် ၁၃၅၅၀ အသီးသီး အရေအတွက်တိုးလာတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

 

လာမယ့် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးတည်ဆောင်ရွက်နေတာဖြစ်ပြီး အဲဒီအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါလုပ်ငန်းတွေ ကို ဒေသအလိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

Ymg/knl
#Myanmar
#Myanmar_General_Election
#UEC
#Yangon_Media_Group