#Local_News

Published_ 23 October 2022

 

၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော် ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်မျက်အတွဲပေါင်း ၅၅ တွဲ ရောင်းချရကြောင်း သိရပါတယ်။

 

ဒီကနေ့တွင် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် ၁ နှင့် တင်ဒါ အမှတ် ၂ ထဲသို ထည့်သွင်းပြီး နံနက် ၉ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက် အတွဲပေါင်း (၅၅) တွဲ ရောင်းချရကြောင်း ကြေညာခဲ့ပါတယ်။

 

ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ယခုကျင်းပပြုလုပ်တဲ့ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ စုစုပေါင်း ပုလဲအတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲ ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို ၂၃ ရက်မှ ၂၅ ရက်နေ့များတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

 

ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများကို ကြမ်းခင်းဈေးယူရိုငွေဖြင့် သက်မှတ်ထားပြီး ရတနာကုန်သည်များအနေဖြင့် ငွေပေးချေရာတွင် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ် နှင့် ကျပ်ငွေများဖြင့် ပေးချေနိုင်ကြောင်း သိရပါတယ်။

 

ygm_mnn
#Yangon_Media_Group