#Local_News
Published _22 October 2022

 

နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF) က ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် မြန်မာကို ကြေညာပြီးနောက် ပြည်ပတွင်ငွေစာရင်းဖွင့်ထားသူများ သတိထားရန် ပိုမိုလိုအပ်လာကြောင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုကြသည်။

 

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက သူ့အနေဖြင့် နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီးနောက်စဉ်းစားစရာအချက်များစွာရှိကြောင်း၊ ယင်းတွင် Singapore အပါအဝင် ပြည်ပနိုင်ငံများတွင် ကုမ္ပဏီနှင့် ကိုယ်ပိုင် bank account ဖွင့်ထားသူများ၊ Digital currencies account ဖွင့်ထားသူများ ပိုမိုသတိထားရမည် ဖြစ်ကြောင်း ပြောသည်။

 

"ခိုင်လုံတဲ့ စာရွက်စာတမ်း ( invoice, BLs)မရှိဘဲငွေ transfer လုပ်လို့ရှိရင် bank account ပိတ်တာ ပိုဖြစ်လာမယ်။ အရင်ကလည်း အလုပ်လုပ်တဲ့ transaction များတဲ့ company တွေရဲ့ ဘဏ် account တွေပိတ်ခံထားရတာပါ။ အခုတော့ ပိုပိတ်ခံရပါမယ်။ TT လွှဲတဲ့ငွေ USD တွေကို ကြားခံဘဏ်(intermediate bank) ကနေ hold/ freeze လုပ်တာခံရနိုင်ပါတယ်။ ဟွန်ဒီသမားတွေလည်း သတိထားရပါမယ်။

 

တရားဝင်မဟုတ်တဲ့ အတွက် bank account ငွေလွှဲပြောင်းတဲ့အခါ AML နဲ့ ငြိတဲ့အတွက်ပါ။ USD နဲ့ တခြား currencies ငွေသား(cash) ကတော့ အရင်ကလည်း တရားဝင်လမ်းကြောင်းက ဝင်လာတာမဟုတ်တဲ့အတွက် အခုလည်းအရင်လိုပဲ တရားမဝင်လမ်းကြောင်းက ဆက်ဝင်ရောက်မှာပဲ ဖြစ်ပါတယ်။ Export အတွက်ကတော့ EU ကို Payment with DP နဲ့ ရောင်းသူတွေသတိထားရတော့မှာပါ။ ငွေပြန်မဝင်လာ နိုင်တဲ့အတွက်ပါ။ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်းကတော့ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို CNY, THB နဲ့ဆက်သွားမှာပါ။ လောလောဆယ်လည်း ဘင်္ဂလားဒေ့ရှ်ကို တန် ၂ သိန်း( USD သန်း၉၀၀ ကျော်)ဆန်ရောင်းရာမှာ payment with CNY ကိုသုံးထားတာတွေ့ရပါတယ်။ ပဲအမျိူးမျိုးကတော့ အိန္ဒိယကို အဓိကတင်ပို့ပြီး တရုတ်ကိုလည်းတင်ပို့နေပါတယ်။
payment ကတော့ USD currency ကိုသုံးနေပါတယ်။

 

အထည်ချုပ်နဲ့ အခြား sector တွေကတော့ USD ကိုသုံးနေပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်ကတော့ Petrol China Company ကနေဝယ်နေပါတယ်။ payment ကို တစ်ဝက်တပျက် CNY နဲ့ပေးချေနေပြီဖြစ်တဲ့အတွက် အခုဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း CNY နဲ့ပေး မယ်လို့ထင်ပါတယ်။စားအုံးဆီကတော့ USD နဲ့ပေးချေတဲ့အတွက် ဆက်ပေးလို့ရမရတော့မသိပါ။ တခြား currrency ပြောင်းသုံးနိုင်ပါတယ်။ ဆေးအမျိုးမျိုးကတော့ ပင်လယ်ရေကြောင်းအပြင် ထိုင်း transit နဲ့ ကုန်းလမ်းကနေလည်း ဝင်ရောက်တဲ့အတွက် payment ကို USD နှင့် THB သုံးလို့ရနိုင်ပါတယ်။Import တခြား item တွေကတော့ Thai transit နဲ့ဝင်ရောက်နေကြတာဖြစ်ပါတယ်။ Payment တွေကို Singapore က payment တွေကို တင်းကြပ်မယ်ဆို ထိုင်းမှာ COMPANY ထောင်ပြီး ထိုင်းဘဏ်တွေကို ပိုသုံးလာနိုင်ပါတယ်။ အရင်က နဝတ ခေတ်မှာ မြန်မာ့ငွေတွေက Singapore ဘဏ်မှာရှိနေပြီး Singapore အမြတ်ထွက်သလို အခု ထိုင်းဘဏ်တွေ အမြတ်ထွက်လာနိုင်ပါတယ်။ INGO တွေအနေနဲ့ကတော့ ပြည်ပကနေငွေဝင်လို့ရနေမှာပါ။ FATF က ပြောတာကတော့ Humatarian နဲ့ Legitimate အတွက် ငွေလွှဲပြောင်းမှုကိုမကန့်သတ်ဘူးလို့ဆိုပါတယ်။ Foreign Investment တွေကတော့ ဆက်သွားဖို့ ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံကကုမ္ပဏီတွေ Branded Company တွေကတော့ Black List နိုင်ငံမှာအလုပ် လုပ်တာဟာ ငွေကြေးခဝါမှုပါ ပါဝင်သလိုဖြစ်မှာ စိုးလို့ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။ Export လုပ်ဖို့ခက်သလို Import လုပ်ဖို့ကလည်း ပိုပြီးခက်လာမှာပါ။ Counter measure လုပ်တဲ့အခါကျမှပါ။ အချိန်လိုသေးပါတယ်။ အဲလိုဆိုရင်တော့ China, Thailand and India နဲ့ပိုပြီးလုပ်လာရမှာပါ။အရေးအကြီးဆုံးအနေနဲ့သိထားရမှာကတော့ မြန်မာနိုင်ငံအနေနဲ့တော့ ဒီလိုအလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလားတူနေခဲ့ဘူးတဲ့အတွေ့အကြုံရှိပါတယ်။ လက်ရှိအနေအထားရတော့ အလေးထားစိစစ်တာကို တိုးမြှင့်လုပ်ဆောင်တာ ( Enhance Due Diligence-EDD) အဆင့် မှာပဲ ရှိတဲ့အတွက် ငွေရေးကြေးရေး လွှပြောင်း ဆောင်ရွက်မှုတွေမှာ မေးခွန်းတွေပိုအမေးခံရတာ၊ အထောက်အထားအချက်အလက်တွေ ပေးရတာထက်မပိုပါဘူး၊ ကျန်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မယ့်အစီအမံ (Action Plan) ၁၁ ချက်ကို တိုးတက်မှု မပြနိုင်ခဲ့ရင်တော့ မြောက်ကိုရီးယား၊ အီရန်မှာရှိတဲ့ တိုးမြင့် အရေးယူဆောင်ရွက်တဲ့ ( Counter Measure) စာရင်းထဲ ရောက်သွားမယ်ဆိုမှသာ စီးပွားဆက်ဆံဆောင်ရွက်မှုတွေမှာ အခက်အခဲဖြစ်သွားနိုင်ပါတယ်"ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

 

#Yangon_Media_Group