#Local_News
Published_22 October 2022

 

ယနေ့ (အောက်တိုဘာ ၂၂ ရက်) တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးသည် အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သား လျှင် သိန်း ၂၀ အောက်ပြန်လည်ကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းအရ သိရသည်။

 

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် နေ့စဉ် ရည်ညွှန်းရွှေဈေးနှုန်းတွေကို ထုတ်ပြန်လေ့ရှိသော်လည်း ယခင်ထုတ်ပြန်နေကျ ဈေးနှုန်းတွေသည် ဈေးကွက်ပေါက်ဈေးနှင့် အလွန်အမင်းကွာဟလေ့ရှိပြီး အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းအရ ဈေးကွက်ပေါက်ဈေးနှင့် ပိုမို နီးစပ်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာလုံးဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းကြောင့် လက်ရှိဈေးကွက်ထဲတွင် ရွှေဈေးနှင့် ဒေါ်လာဈေး မြင့်တက်ဖွယ်ရှိသော်လည်း ရည်ညွှန်းဈေးနှုန်းမှာ ကျဆင်းသွားခြင်းဖြစ်သည်။

 

ယနေ့အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေးနှုန်းမှာ ၁,၉၅၂,၀၀၀ ဖြစ်ပြီး အဆိုပါဈေးနှုန်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခွင့်ပေးထားကြောင်း သိရသည်။

 

#Ymg/STH
#Yangon_Media_Group