#Local_News
Publidhed_22 October 2022

 

မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် CO Form RCEP များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ကိုရီးယား၊ ဂျပန်နှင့်နယူးဇီလန်နိုင်ငံတို့ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့တွင် အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် နိုဝင်ဘာ ၁ ရက်မှစတင်ပြီး စိစစ်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူအဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Application System တွင်သတ်မှတ်ထားသည့်ရက်၌ လျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

#Ymg/STH
#Yangon_Media_Group