#Local_News
Published 22 Oct 2022

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းရာ ပုလဲအတွဲပေါင်း ၁၇၃ တွဲရောင်းချခဲ့ရကြောင်း သိရပါတယ်။

 

ဒီကနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြကာ တာဝန်ရှိသူ များက ဖွင့်ဖောက်စစ်ဆေးရာ ပုလဲအတွဲပေါင်း (၁၆၈) တွဲနှင့် လက်ကျန်ပုလဲအတွဲ (၅) တွဲ စုစုပေါင်း (၁၇၃) တွဲ ရောင်းချရခြင်း ဖြစ်ပါတယ်။

 

ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက်အတွဲ အမှတ် ၁ မှ အတွဲအမှတ် ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယခုကျင်းပပြုလုပ်တဲ့ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ စုစုပေါင်းပုလဲအတွဲပေါင်း ၃၆၂ တွဲ ရောင်းချခဲ့ရပြီး၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

 

ထိုသို့ရောင်းချရာ၌ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ် နှင့် ကျပ်ငွေများဖြင့် ပေးချေနိုင်မှာ ဖြစ်ပါတယ်။

 

#ygm_mnn
#Yangon_Media_Group