#Local_News
Published _ 15 october 2022

တောင်ကိုရီးယားနိုင်ငံသို့ လာမည့် တပတ်ကျော်အတွင်း၌ မြန်မာလုပ်သား ၃၀၀ ကျော်ထပ်ပြီး စေလွှတ်သွားရန်ရှိနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ထုတ်ပြန်ထားသည်။

 

စေလွှတ်မယ့်လုပ်သားများမှာ အောက်တိုဘာလ ၂၄ရက်တွင် ကုန်ထုတ်လုပ်ငန်းအတွက် ၁၃၀ ဦး၊ စိုက်ပျိုးရေးလာပ်ငန်းအတွက် ၁၉ဦးတို့ဖြစ်ကြောင်း POEAရဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ယင်းအပြင် အောက်တိုဘာလ ၂၆ရက်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ၃ဦး၊ ကုန်ထုတ်လုပ်ငန်းအတွက် ၁၅၉ဦးတို့အား စေလွှတ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

သွားရောက်လုပ်ကိုင်ခွင့်ရှိသူများရဲ့ အမည်စာရင်းတွေပါ POEA မှ ထုတ်ပြန်ထားပြီး စာရင်းပါသူများအနေနှင့် ကြိုတင်အာမခံကြေး၊ လေယာဉ်လက်မှတ်ခနှင့် ဝန်ဆောင်ခပေးသွင်းရန် လာမည့် အောက်တိုဘာလ ၁၈ရက်မတိုင်မီ ရုံးသို့လာရောက်ဆက်သွယ်ရန်လည်း အသိပေးထားရှိသညိ။

 

ယခုစေလွှတ်မည့် အလုပ်သမားများဟာ အလုပ်သမားအသစ်များဖြစ်ကြပြီး လုပ်သားဟောင်းတွေ ပါဝင်ခြင်းမရှိပါဘူး။

 

တောင်ကိုရီးယားနိုင်ငံဟာ ဒီနှစ်ဆန်းကစပြီး မြန်မာလုပ်သားများ ဆက်တိုက်ပြန်လည်ခေါ်ယူနေပြီး လက်ရှိ အဆိုပါနိုင်ငံတွင် မြန်မာလုပ်သား ၄၅,၀၀၀ လောက် တရားဝင်ရောက်ရှိ လုပ်ကိုင်လျှက်ရှိနေကြောင်း မှတ်တမ်းတွေအရ သိရသည်။

 

#ymg/NN
#Yangon_Media_Group