Published 13 Oct 2022

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ အောက်တိုဘာ ၁၃ရက်က ပြင်ဦးလွင်မြို့စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅) စစ်လက်ရုံးရွေးချယ်ပွဲကို ဒုတိယနေ့အဖြစ် တက်ရောက်ပြီး ဆက်လက်စိစစ်ရွေးချယ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲသလိုရွေးချယ်ရာမှာ ဗိုလ်လောင်းတစ်ဦးချင်းစီကို တွေ့ဆုံမေးမြန်းပြီး စာပေပညာ၊စစ်ပညာ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ဝါသနာနှင့်ကြိုးစားအားထုတ်မှုတွေအပေါ်မူတည်ပြီး တပ်မတော်(ကြည်း၊ရေ၊လေ)စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ရတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အဲဒီနောက်ဗိုလ်ချူပ်မှူးကြီးဟာ ပြင်ဦးလွင်မြို့ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်ပြီး နိုင်ငံတော်တာဝန်ထမ်းဆောင်စဉ်  ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အရာရှိစစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို မေးမြန်းအားပေးစကားတွေပြောကြားခဲ့ပြီး တစ်ဦးချင်းရဲ့တင်ပြချက်တွေအပေါ် လိုအပ်တာတွေ ဖြည့်ဆည်းညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းကဆိုပါတယ်။

အဲဒီကတစ်ဆင့် အသစ်တည်ဆောက်နေတဲ့ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အမျိုးသားကန်တော်ကြီးဥယျဉ်ကို သွားရောက်ကာ ရေကန်တွေကို ရေဝင်ရောက်မှုအခြေအနေတွေ၊ဥယျဉ်စိမ်းလန်းစိုပြေရေးနှင့် သစ်ပင်ပန်းမန်ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ymg/knl

#SG_Min_Aung_Hlaing

#Myanmar

#Myanmar_Politics