Published 12 Oct 2022

တိုရိုတာမော်တော်ကားကုမ္ပဏီက ၁၉လကြာ နှောင့်နှေးခဲ့ပြီးမှ ရန်ကုန်မြို့အနီးက  ယင်းရဲ့ တပ်ဆင်စက်ရုံစတင်လည်ပတ်နေပြီလို့ နီကေးအေးရှားက သတင်းရေးသားပါတယ်။

အဆိုပါစက်ရုံဟာ သီလဝါ အထူးစီးပွားရေးဇုန်မှာတည်ရှိပြီး ယခင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စတင်လည်ပတ်ရန် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လကုန်ပိုင်းမှာတော့ တိုယိုတာဟာ အထူးစီးပွားရေးဇုန်အာဏာပိုင်တွေထံ စက်ရုံစတင်လည်ပတ်မယ့် အစီအစဉ်ကိုတင်ပြခဲ့ပါတယ်။ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်အရ  ဟိုင်းလပ် ပစ်ကပ်ကားတပ်ဆင်ထုတ်လုပ်တဲ့အဆိုပါ စက်ရုံဟာ  စက်တင်ဘာမှာ ထုတ်လုပ်မှုကို အရေအတွက် အနည်းငယ်နှင့် စတင်ခဲ့တယ်လို့သိရပါတယ်။  လစဉ် ထုတ်လုပ်မှုဟာ ဒါဇင်အနည်းငယ်ပဲရှိပါသေးတယ်။

အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံက တိုရိုတာ အရောင်းလုပ်ငန်းတွေက ဟိုင်းလတ်ပစ်ကပ် အော်ဒါတွေ စတင်လက်ခံနေပြီလို့ ကြေညာခဲ့ပါတယ်။

နီကေးက ဆက်သွယ်မိတဲ့ အရောင်းလုပ်ငန်းတစ်ခုကတော့  ထုတ်လုပ်တဲ့ အရေအတွက်က ကန့်သတ်ထားတဲ့အတွက် ကားဘယ်အချိန်ရမယ်ဆိုတာ အာမမခံနိုင်ဘူးလို့ပြောပါတယ်။

၂၀၁၉ခုနှစ် မေလမှာကြေညာခဲ့တဲ့ မူလအစီအစဉ်အရ တိုယိုတာဟာ အဆိုပါစက်ရုံအတွက် ဒေါ်လာ ၅၂.၆သန်း ရင်းနှီး မတည်ရန်ရှိပြီး တစ်နှစ်ကို ဟိုင်းလပ်ပစ်ကတ်ကား အစီးရေ ၂၅၀၀ထုတ်လုပ်ဖို့ လျာထားခဲ့ပါတယ်။ တိုယိုတာမြန်မာ ကုမ္ပဏီကို တိုယိုတာက ၈၅ ရာခိုင်နှုန်းနှင့် တိုယိုတာ  ဆူရှိုက ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်တာဖြစ်ပါတယ်။

Source: Nikkei_Asia

#Toyota_Myanmar

#Thilawa_SEZ

#Hilux_Pickup