#Local_News
Published_7 October 2022

 

ယခုဘဏ္ဍာနှစ်၏ ခြောက်လတာကာလအတွင် ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၇ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချော တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၂ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍ တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံကျော်ရှိခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ပိုများကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။


မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် ၁၀ မျိုးမှာ စက်မှုကုန်ချောတစ်ခုဖြစ်သည့်ချုပ်ပြီး အထည်တင်ပို့မှုမှာ ပထမနေရာတွင် ရှိနေကြောင်း၊ စက်မှုကုန်ချောပစ္စည်းများတွင် ချုပ်ပြီးအထည်အပြင် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများ ပါဝင်ကြောင်းသိရသည်။

 

#ymg/sth
#Yangon_Media_Group