#LocalNews
Published_6 October 2022

 

ရန်ကုန်မြို့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်တွင် ယနေ့အောက်တိုဘာလ ၆ ရက်က တင်ဒါဖြင့်ရောင်းချခဲ့သည့် ရွှေတုံးနှင့်ရွှေစင်ခဲများကို ရွှေကုန်သည်များက ဈေးပြိုင်ပေး၍ ဝယ်ယူခဲ့ကြကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

 

"ကြမ်းခင်းဈေး တစ်ကျပ်သားကို ၂၄ သိန်း နဲ့ဖွင့်ထားတယ်။အပြင်မှာ ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ တစ်ကျပ်သားကို ၂၆ သိန်း ဝန်းကျင်လောက်ရှိနေတယ်။ဒီနေ့ တင်ဒါမှာ တစ်ပိဿာစီခွဲရောင်းယ်။တစ်ပိဿာစီ ခွဲပြီး lot နံပါတ် 99900 က တစ်ကျပ်သားကို ၂၅ သိန်း သုံးသောင်းခွဲ lot နံပါတ် 999900 က ၂၅ သိန်း ၆ သောင်း ၊ lot နံပါတ် 9999900 က ၂၄ သိန်း နဲ့ လေလံ ရခဲ့ကြတယ်"ဟု ရွှေလုပ်ငန်းရှင်တစ်ဦး YMG ကို ပြောသည်။

 

ယနေ့တွင် ရန်ကုန်နှင့် မန္တလေးတို့တွင် ရွှေတုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီရောင်းချပေးသွာမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာထားခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပြင် ယနေ့ ဒင်္ဂါးပြား တစ်ကျပ်သား ဈေးနှုန်းမှာ ၂၄ သိန်း ဖြစ်ပြီး နောက်နေ့များတွင်လည်း ဆက်လက် ရောင်းချနေမည် ဖြစ်ကြောင်း၊ဈေးနှုန်းမှာ တက်ဈေး၊ကျဈေး ရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က ပထမအကြိမ်အဖြစ် ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ထုတ်ရောင်းပေးခဲ့သော်လည်း ကြမ်းခင်းဈေးမှာ ၂၅ သိန်း ခွဲ ဖြစ်သောကြောင့် ယင်းအချိန်က ရွှေဈေးအကျဘက်ကို ရောက်လာနိုင်မည်ဟု သုံးသပ်ကာ တင်ဒါဝယ်ယူသူ မရှိခဲ့ပေ။

 

ymg/mt
#Yangon_Media_Group