#Local_News
Published _5 October 2022

 

ကိုရီးယားရောက် မြန်မာအလုပ်သမားများ မရရှိခဲ့သည့် လုပ်အားခ ဝမ်သိန်းတစ်ထောင်ကျော် ပြန်လည်ရရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာက ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြန်မာအလုပ်သမား ၂၂ ဦး မရရှိခဲ့သည့် လုပ်အားခပေါင်း ဝမ်သိန်း ၁၀၃၉၇၈၆၇၁ ကို ဥပဒေဘောင်အတွင်းမှရယူပေးနိုင်ခဲ့ကြောင်း ယင်းစင်တာက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 

အဆိုပါ ၂၂ ဦးထဲတွင် ဗီဇာရှိသူ ၁၄ ဦး နှင့် ဗီဇာမရှိသူ ၈ ဦးလည်း ပါဝင်ကြောင်း၊ စက်တင်ဘာလက စင်တာသို့ ဆက်သွယ်အကူညီတောင်းသူ ၂၄၂ ဦးထိ ရှိခဲ့ကြောင်းလည်း အဆိုပါ မြန်မာအလုပ်သမားလူမှု ဖူလုံရေးစင်တာ၏ စာရင်းများအရ သိရသည်။

 

#ymg/mt
#Yangon_Media_Group