#Local_News
Published _4 October 2022

 

ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း၌လည်း ဈေးအနည်းငယ် ပြန်လည်မြင့်တက်လာကာ အဝယ်ထက် အရောင်းပိုများလာကြောင်း ရွှေဆိုင်များမှ သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ပြင်ပရွှေဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၃ သိန်းဝန်းကျင်အထိကျဆင်းခဲ့ပြီး ယနေ့ (အောက်တိုဘာ ၄ ရက်)တွင် ကမ္ဘာ့ရွှေဈေးမှာလည်း တစ်အောင်ကို အမေရိကန်ဒေါ်လာ ၁,၇၀၄ အထိမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အနည်းငယ်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှနေ့စဉ်ထုတ်ပြန်နေသည့် ရည်ညွှန်ဈေးသည် ကြမ်းခမ်းဈေးသာဖြစ်ကြောင်း ပြောကြားထားပြီး ပြင်ပဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုထားကြောင်း အသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးမြင့်က YMG ကို ပြောကြားထားသည်။

 

ယင်းအပြင် အစိုးရဘက်မှလည်း ရွှေဈေးနှုန်းကျဆင်းစေရန်အတွက် ရွှေစင်ရွှေတုံးနှင့်ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးလျက်ရှိပြီး ရွှေနှင့် ငွေကြေးဈေးကွက် ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီက တရားဝင်ရွှေဈေးကွက် ဖြစ်ပေါ်လာစေရေး၊ ဈေးနှုန်းများ တည်ငြိမ်ရေး၊ ပြည်တွင်းရွှေဈေးကွက်ကို နိုင်ငံတကာစံနှုန်းအတိုင်း ရောင်းချနိုင်ရေးတို့အတွက် ရွှေလုပ်ငန်းရှင်များနှင့် ခေါ်ယူတွေ့ဆုံမှုများပြုလုပ်ထားကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group