#Local_News
Published_ 3 October 2022

 

ရုပ်ရှင်သက်ကြီးကန်တော့ခံ သရုပ်ဆောင်ရဲမြတ်ညွန့်ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှသိရသည်၊၊

 

အောက်တိုဘာလ(၃)ရက် မနက်ပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၈၉)နှစ်ရှိပြီ ဖြစ်သည်၊၊

 

"ဒီကနေ့မနက်ပိုင်းက အဘ ရဲမြတ်ညွန့်ကွယ်လွန်သွားပါတယ်၊၊ အသက်ကတော့(၈၀) ကျော် (၉၀)နားနီးနေပါပြီ၊၊ သူရိုက်ကူးခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာရှိပါတယ်၊၊ သူက ဇာတ်ပို့ ဇာတ်ရံအလွှာက သက်ကြီးကန်တော့ခံတစ်ဦးဖြစ်ပါတယ်"လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊

 

သရုပ်ဆောင်ရဲမြတ်ညွန့်သည် မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ရဲတပ်ဖွဲ့ဝင်အဖြစ်နှစ်ပေါင်းများစွာသရုပ်ဆောင်ခဲ့ပြီး ရဲဝတ်စုံနှင့် အသုံးအဆောင် ပစ္စည်းများငှားရမ်းခြင်းကိုလည်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်၊၊

 

ရဲမြတ်ညွန့်သည် မကွယ်လွန်ခင်တွင် အိမ်ငှားမနေနိုင်သည့် အတွက်ရပ်ကွက်ရုံး နေရာလေးတွင် ခိုကပ်နေခဲ့ရကြောင်းလည်းသိရသည်၊၊

#ymg/tthl
#Yangon_Media_Group