#Local_News
Published _ 3 october 2022

 

ပြည်တွင်း အခေါက်ရွှေစျေးနှုန်းများ ဆက်လက်ကျဆင်းနေပြီး တစ်ကျပ်သားလျှင် ကျပ်၂၃ သိန်းအောက်စျေးဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့ကြောင်း ပြည်တွင်း ရွှေဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

 

စက်တင်ဘာ ၁ ရက်က ရန်ကုန် နှင့် မန္တလေးတို့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၁ သိန်း ၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ်၂၉ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ စက်တင်ဘာ ၁၉ ရက်မှစ၍ စျေးနှုန်းများ ပြန်လည်ကျလာနေခြင်းဖြစ်သည်။

 

အောက်တိုဘာလ ၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၂၃ သိန်း ၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၂၂ သိန်းဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

ရွှေစျေးတွေက ဆက်တိုက်ကျဆင်းနေမည့်သဘောမှာ ရှိနေပြီး စျေးကွက်ထဲအရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းချုပ် ထံမှ သိရသည်။

 

ကမ်ဘာ့ရွှေစျေးဟာလည်း ကျဆင်းနေလျှက်ရှိသောကြောင့် ပြည်တွင်းရွှေစျေးကွက်မှာ အရောင်းအဝယ်သိပ်မရှိဘဲ စျေးကွက်အေးနေသည့် အနေအထားမျိုးဖြင့်ကြုံနေရပြီး လေလံစျေးကွက်မှာလည်း မေးမြန်းသူအနည်းငယ်သာရှိနေကာ ရောင်းချရမှုမရှိသေးကြောင်း ၎င်းထံမှ သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group