#Local_News
Published _3 October 2022

 

ရခိုင်ပြည်နယ် ၊ သံတွဲ-ဂွကားလမ်း မိုင်တိုင်အမှတ်၊ ၆၅/၄ နှင့် ၆၅/၅ ကြား၊ ဘုရားတောင်ကွေ့တွင် စက်တင်ဘာလ ၂ ရက်က ကုန်တင်ကားနှင့် ဆိုင်ကယ်တစ်စီး တိုက်မိသောကြောင့် ဆိုင်ကယ်စီးနင်းသူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

သံတွဲမြို့နယ်၊ ကွေ့ချောင်းအုပ်စု၊ ရေစဉ်ကျေးရွာနေသူအသက် ၃၂ နှစ်အရွယ် အောင်ဆန်းလင်းက FUSO အမျိုးအစား ကုန်တင်ယာဉ်ကို သံတွဲဘက်မှ မောင်းနှင်လာစဉ် ဂွဘက်မှ သံတွဲဘက်သို့ ကျိုက်ထိုမြို့နယ် တစ်ဂိတ်ချောင်းဖျားကျေးရွာနေသူ အသက် ၁၈ နှစ်အရွယ် သက်ဇော်လွင် မောင်းနှင်ပြီး ညောင်ဦးမြို့နယ် အရှေ့ပုလင်းကျေးရွာနေသူ အသက် ၃၆ နှစ်အရွယ် နိုင်ဝင်း စီးနင်းလိုက်ပါလာသော Honda Dream 125 ဆိုင်ကယ်နှင့် လမ်းအကွေ့တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးအနက် နိုင်ဝင်းမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး သက်ဇော်လွင်မှာလည်း ရရှိဒဏ်ရာများဖြင့် ဆပ်သွားဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူများအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်ထားကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group