#LocalNews
Published 2 Oct 2022

 

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (International Maritime Organization- IMO) ရုံးချုပ်အဆောက်အဦ၌ “New Technologies for Greener Shipping” ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၂၉ ရက် လန်ဒန်ဒေသစံတော်ချိန် (၁၇၀၀) နာရီတွင် ကျင်းပသည့် “World Maritime Day 2022” အခမ်းအနားသို့ မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးထွန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့‌ကြောင်း နိုင်ခြားရေးဝန်ကြီးဌာနကသိရသည်။

 

အဆိုပါအခမ်းအနားသို့ IMO အတွင်းရေးမှူးချုပ်၊ ဗြိတိန်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများနှင့် IMO ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းလည်း ယင်းတွင်ဖော်ပြထားသည်။

 

IMO ကို ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၁၉၅၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကာ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၇၅) နိုင်ငံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group