#LocalNews
Published_2 October 2022

 

စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို အမေရိကန်ဒေါ်လာအပြင် ယွမ်ငွေဖြင့်ပါ ပေးချေခွင့်ပြုထားကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ Trade Financing ရယူထားသည့် နိုင်ငံခြားငွေအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဆုံးဖြတ်ချက်အရ Swap Facility ပမာဏအချို့အားယွမ်ဖြင့် ပေးချေခွင့်ပြုခြင်းနှင့် နောင်စက်သုံးဆီဖိုးပေးချေမှုများအတွက် ယွမ်ဖြင့်ပေးချေခွင့်ပြုကြောင်း ပါရှိသည်။

 

ယင်းအပြင် အမေရိကန်ဒေါ်လာဖြင့် Swap ရယူထားသည့် ကိစ္စရပ်များအတွက် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များအနေဖြင့် ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီအဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်များမှ ပြည်ပမှနိုင်ငံခြားသုံးငွေဖြင့်ရရှိငွေ၊ Worker Remittance ဝင်ရောက်ငွေနှင့်ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းတို့မှ ဝယ်ယူထားသည့်အမေရိကန်ဒေါ်လာများအား အလီလီရောင်းချခြင်းတို့ကိုဆောင်ရွက်ပေးပြီး Swap ပြန်လည်ပေးဆပ်စေရန်နှင့် ပေးဆပ်မှုပမာဏများအပေါ်မူတည်၍ Trade Financing ရယူရေးတို့ကို စီစဥ်ဆောင်ရွက်ပေးရန်လည်း ဖော်ပြပါရှိသည်။

 

#ymg/sth
#Yangon_Media_Group