Published 27 Sept 2022

အစိုးရတစ်ရပ်ဆိုတာ အလုပ်လုပ်ပြဖို့ဖြစ်ပြီး တီဗွီထဲပါနေဖို့ သတင်းထဲပါနေဖို့ ဟန်ပြမဟုတ်ဘူးဟု နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က နစက ကောင်စီဝင်တွေကို ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်က နေပြည်တော်မှာ လစဉ်ပုံမှန်ကျင်းပတဲ့  နစကအဖွဲ့ရဲ့ အစည်းအဝေးအတွင်းမှာ ဗိုလ်ချူပ်မှူးကြီးက ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“ အစိုးရတွေက ဒါတော့ လုပ်ရင်ဖြစ်တယ်ဆိုတာပြတာ။ အစိုးရတစ်ရပ်ဆိုတာ လုပ်ပြဖို့ပဲ။ဟန်ပြ တီဗွီထဲပါနေဖို့ သတင်းထဲပါနေဖို့မဟုတ်ဘူး။ တကယ်တော့ တိုင်းပြည်ဒေသကို တိုးတက်အောင်လုပ်ပေးရမှာ။ ကျွန်တော်တို့ အစိုးရသည်လည်း တိုင်းပြည်တိုးတက်အောင်လုပ်ရမယ်။ ဒေသအစိုးရကလည်း ဒေသကို တိုးတက်အောင် သူက လုပ်ရမယ်ဂ ဒါ လက်တွေကျတဲ့ နိုင်ငံရေးပဲ” ဟု သူကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

“ စီပွားရေးလုပ်လာပြီဆိုရင် ဒေသတွေရဲ့ဘတ်ဂျက်တွေ တက်လာလိမ့်မယ်။ သူ့ဘတ်ဂျက်နဲ့သူလည်ပတ်လို့ရအောင် ကျွန်တော်တို့က ဒါကိုမတည်ပေးလိုက်တာ။ ၁၀ဘီလီယံဆီထောက်ပံ့ပေးတယ်။၅ ဘီလီယံစီပေးတယ်။ သူတို့ကို ဒါတွေ လိုအပ်တာသုံးဖို့ ဖက်ဒရယ်အခွင့်အရေးတွေပေးလိုက်တာပဲဖြစ်တယ်” လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဒေသအလိုက် မြစိမ်းရောင်စီမံကိန်းဖြင့် မတည်ငွေများ ထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စက်မှုဇုန်တွေလုပ်ဆောင်ကြရာတွင် ချင်းပြည်နယ်တွင် စက်မှုဇုန်မရှိသေး၊စက်မှုရပ်ကွက်လည်းမရှိသေးသည့်အတွက်  ချင်းပြည်နယ်တွင်စက်မှုဇုန်တည်ထောင်ရန် စီစဉ်နေကြောင်းလည်းသိရပါတယ်။ ချင်းပြည်နယ်စက်မှုဇုန်ဟာ ကော်ဖီ၊ ဝ ဥနှင့်  နွားနောက်ကိုအခြေခံ၍ ဖော်ဆောင်မည်ဟုလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်ထောင်စုနိုင်ငံတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် NCA ကိုအခြေခံပြီးတည်ဆောက်သွားရမည် ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲဥပဒေနှင့် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခွင် ဥပဒေတွေကို ပြင်ဆင်နိုင်ရေးလုပ်ဆောင်မှာမို့ အဆိုပါဥပဒေတွေ လေ့လာထားရှိကြဖို့ နစက ဥက္ကဋ္ဌက ကောင်စီဝင်တွေကို တိုက်တွန်းခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Source{ SAC’s info

#SG_Min_Aung_Hlaing

#SAC

#Myanmar