#Local_News
Published _ 23 September 2022

 

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၄၉ ဦးကို မလေးရှားအစိုးရမှ စီစဉ်ပေးသည့် စင်းလုံးငှားလေယာဉ်ဖြင့် စက်တင်ဘာလ ၂၂ရက်က နေရပ်ပြန်ပို့ခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားရှိသည်။

 

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံအစိုးရစီစဉ်ပေးသည့် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

မလေးရှားအစိုးရ စီစဉ်ပေးသည့် လေယာဉ်နှင့်ပြန်ပို့ခြင်းဟာ ယခုက ပထမအသုတ်ဖြစ်ကြောင်း မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် လမ်းကြောင်းမှ သွားရောက်သည့် မြန်မာနိုင်ငံသားတွေဟာ မလေးရှား-ထိုင်းနယ်စပ်မှာ မကြာခဏ အဖမ်းခံနေရကြောင်း သိရသည်။

 

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတွေဟာ ပြစ်ဒဏ်ကျခံပြီးလျင် ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရပြီး အဆိုပါထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား အထောက်အထားပြည့်စုံသူတွေကို မြန်မာသံရုံးအစီအစဉ်ဖြင့် နေရပ်ပြန်ပိုခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှာ မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၄၈၃ ဦးကို နေရပ်ပြန်ပို့ခဲ့ကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group