#Local_News
Published _22 September 2022

 

 

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ (၄၅)လမ်းနှင့် (၄၉)လမ်းကြား၊ (၁၁၆)လမ်းနှင့် လမ်း(၁၂ဝ)ကြား၊ မြရည်နန္ဒာအိမ်ယာဝန်းထဲက (မမ/၁၆)၊ တိုက်အမှတ်(၉)ရှိ အခန်း(၂၀၆)တွင် စက်တင်ဘာလ၂၁ ရက်က ဒဏ်ရာများဖြင့် သေဆုံးပုပ်ပွနေသော အမျိုးသမီးတစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

သေဆုံးသူမှာ ရန်ကုန်မြို့ကလာရောက်သူဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် မသူဇာအောင်ဖြစ်ကြောင်းသိရသည်။

 

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူမှာ စက်တင်ဘာလ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် မန္တလာတက္ကသိုလ်၊ လုံခြုံရေးဝန်ထမ်း တာဝန်ဆောင်ရွက်ရန် နေအိမ်မှ ထွက်သွားခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်မွန်းလွဲ ၂ နာရီတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့စဉ်ဇနီးဖြစ်သူ၏ မျက်နှာညို
ပုတ်ဖူးယောင်သွေးထွက် ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၂ ချက်၊ ဝဲလက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ၃ ချက်တို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသောကြောင့် သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

သေဆုံးသူအလောင်းကို ရဲဆေးစာရေးသား၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၂၆၈/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ထားကြောင်း၊သေဆုံးသွားသည့် မသူဇာအောင်၏ ပတ်ဝန်းကျင်ရှိ အခန်းများတွင် နေထိုင်သူကြသူများ စုပေါင်း၍ မသူဇာအောင် ဘဝကူးကောင်းစေရန် အန္တရာယ်ကင်းပရိတ်တရားနာ အမျှပေးဝေခဲ့ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group