Published_ 21 September 2022
အကြမ်းဖက်မှုနှင့်လက်နက်မှောင်ခိုမှု ချိတ်ဆက်နေသဖြင့် တစ်ပေါင်းတည်း တိုက်ဖျက်ရန်လိုအပ်တယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်မူဘောင်မှ နိုင်ငံဖြတ်ကျော်မှုခင်း များ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံ အဖွဲဝင်နိုင်ငံများတွင် အဆိုပါအစည်းအဝေးကို နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ 16th AMMTC အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ASEANAPOL ၊ DGICM တိုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် ရဲအရာရှိကြီးများက နေပြည်တော်မှ တက်ရောက်ခဲ့ကြပါတယ်။
16th AMMTC စုံညီအစည်းအဝေးတွင် သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က အဖွင့်အမှာစကား ပြောကြားပြီး အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene က အာဆီယံဒေသတွင်း လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့် ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ် ဆောင်ရွက်နေမှု များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအဖွဲခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က လက်နက်မှောင်ခိုမှုခင်းများသည် ဒုစရိုက်ဂိုဏ်းများ၊ အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါး ဂိုဏ်းအဖွဲများကဲ့သိုသော Non-State Actor များအတွက် အထောက်အကူပေးနိုင်ရုံသာမက လူ့အသိုင်းအဝိုင်းများ၏ လုံခြုံဘေးကင်းမှုအပေါ်တွင် လည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
16th AMMTC စုံညီအစည်းအဝေးတွင် လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီး များနှင့် ကလေးသူငယ်များကို လူကုန်ကူးမှုတိုက်ဖျက်ရေး အာဆီယံကွန်ဗင်းရှင်း (ACTIP) အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် လုပ်ငန်းလမ်းညွှန်(TOR)နှင့် (၁၆) ကြိမ်မြောက် AMMTC အစည်းအဝေး ပူးတွဲကြေညာ ချက်ကို အတည်ပြုခဲ့ကြောင်း သတင်းရရရှိပါတယ်။
ygm_mnn
#Yangon_Media_Group