#local_news
Published_ 21 September 2022
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင် အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့တဲ့ကိစ္စအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထိုကဲ့သို့ အာဆီယံ၏ ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေတဲ့ ဆောင်ရွက်မှုမျိုး နှင့် ဆွေးနွေးမှုမျိုးကို အာဆီယံအသိုက် အဝန်းအတွင်းသို့ ယူဆောင်လာခြင်းမပြုရန်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်တွန်းတားမြစ်ပေးပါရန် ဝန်ကြီးက အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိတဲ့ ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏အမျိုးသားအကျိုးစီးပွား၊ ပြည်တွင်းဖြစ်၌ပေါ် တိုးတက်မှုများ၊ တည်ဆဲဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံလျက် အာဆီယံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူဆောင်ရွက်နေသည့်ကိစ္စများကို ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group