#Local_News
Published_ 19 September 2022

 

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အရှည်ပေ ၃၂၀၀ ကျော်ရှိ ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ် (၂) ကို တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။

 

မန္တလေး-လားရှိး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂)သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ကန်ပိုက်တီမှ မြစ်ကြီးနားမြို့ကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော လီဒိုလမ်းမကြီးပေါ်၌ တည်ရှိနေတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

 

အဆိုပါ တံတားကို တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး တံတားအရှည် ပေ ၃၂၁၂ ဒသမ ၀၉၉ ပေ၊ ယာဉ်သွားလမ်း အကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁ မီတာ၊ ရေလမ်းကင်းလွတ် အကျယ် ပေ ၃၅၀ နှင့် ရေလမ်း ကင်းလွတ်အမြင့် ၂၆ ပေ ၃ လက်မ ရှိကြောင်း သိရပါတယ်။

 

#ygm_mnn
#Yangon_Media_Group