Published 6 Sept 2022

-မြန်မာ့အကျပ်အတည်း ရှင်းလင်းတဲ့လမ်းကြောင်းမရှိ

-လွယ်ကူတဲ့ဖြေရှင်းနည်း မရှိ

-နိုင်ငံရေးဖြေရှင်းမှုတွေကို ပြင်ပကသွတ်သွင်းယူလို့မရ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက သူမအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသ မြန်မာနိုင်ငံကို နောက်တစ်ကြိမ်ထပ်လာမယ်လို့ပြောကြောင်း ရိုက်တာ သတင်းဌာနက သတင်းဖော်ပြပါတယ်။

စင်္ကာပူနိုင်ငံမှာ စက်တင်ဘာ ၅ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ  သူမက ပြောကြားခဲ့တာဖြစ်ပြီး  “တကယ့်လက်တွေ့အခြေအနေက ဒီအကျပ်အတည်းနှင့်ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းမရှိဖြစ်နေတာဘဲ။ ပြီးတော့ လွယ်ကူတဲ့ဖြေရှင်းနည်းတွေလည်း ရှိလိမ့်မယ်မဟုတ်ဘူး” လို့လည်းသူမကပြောပါတယ်။

“မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အနေအထားတွေကလည်း ဆက်လက်ပြီး ခြားနားကွဲပြားနေကြတယ်။  နောက်ဆုံးမတော့ နိုင်ငံရေးဖြေရှင်းမှုတွေဟာ ပြင်ပက သွတ်သွင်းလို့မရနိုင်ဘူး”လို့လည်း သူမရဲ့ပြောကြားချက်ကို သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားတယ်လို့ ရိုက်တာက ရေးသားပါတယ်။

သူမရဲ့မြန်မာနိုင်ငံကို ခရီးအတွင်း နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖိုနှင့် သေဒဏ်ပေးတာတွေရပ်တန့်ဖို့  ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ‌သူမကတောင်းဆိုခဲ့တယ်လို့လည်း နိုလင်းဟေဇာက ဆက်ပြောပါတယ်။

“ကျွန်မ ထပ်ပြီးသွားရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့လို့ရမှသာ သွားမှာဖြစ်တယ်” လို့ ဟေဇာက ISEAS–Yusof Ishak Institute ကကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲမှာပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအပေါ်စိတ်ပူနေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ နောက်ဆုံးမှာ ဖြစ်လာနိုင်တဲ့ အကြောင်းတော့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ရိုးတိုးရိပ်တိပ်ပြောခဲ့တယ်လို့လည်း ဟေဇာကပြောတယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။

Source Reuters

#Noeleen_Heyzer_

#Senior_General_Min_Aung_Hlaing

#Daw_Aung_San_Suu_Kyi