#Local_News
Published _ 5 September 2022

 

ရွှေဒင်္ဂါးပြားကို တစ်ကျပ်သားလျှင်၂၉ သိန်းခွဲ ဈေးဖြင့် နေပြည်တော်၌ စက်တင်ဘာလ ၅ ရက် ယနေ့တွင် ကျောက်မျက်ရတနာပြတိုက် ခန်းမဆောင်တွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

 

"ညနေ ၄ နာရီခွဲထိ ရောင်းပေးမှာပါ။ ရန်ကုန်မှာတော့ မနက်ဖြန်လောက်မှ ရောင်းပေးဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီနေ့က နေပြည်တော်မှာ ရောင်းပေးတာပါ"ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

 

တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွင် လွတ်လွတ်လပ်လပ် ရောင်းချပေးမည်ဟု နစက က စက်တင်ဘာလ ၁ ရက္ညပိုင်းတွင် ကြေညာထားသည်။

 

အဆိုပါ ရွှေဒင်္ဂါးပြားပုံစံမှာ ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဒင်္ဂါးပြားဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group