#Local_News
Published_ 4 Sept 2022

 

မြန်မာ သံရုံး/အဖွဲ့ရုံးအနေဖြင့် အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန် ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လ တာဝန်ယူထားကြောင်း သိရပါတယ်။

 

အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဩဂုတ် ၂ ရက်တွင် ဗီယင်နာမြို့ရှိ Vienna International Centre ၌ ကျင်းပခဲ့သည့် (၅၅) နှစ် မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

 

အခမ်းအနားတွင် United Nations Office in Vienna (UNOV) ၏ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား Mr. Jean-Luc Lemahieu ၊ Director of the Division for Policy Analysis and Public Affairs က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားသို့ UNOV/ UNODC၊ IAEA၊ UNIDO နှင့် CTBTO တို့မှ ကိုယ်စားလှယ်များနှင့်ဝန်ထမ်းများ၊ ဩစတြီးယားနိုင်ငံ၊ ဥရောပနှင့် နိုင်ငံ တကာရေးရာ ဝန်ကြီးဌာနမှကိုယ်စားလှယ်၊ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်များ အပါအဝင် ဧည့်သည်တော် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။

 

အာဆီယံ-ဗီယင်နာကော်မတီကို အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးများနှင့် စင်ကာပူနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group