#Local_News
Published-23 August 2022

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၉၂ ၊ ၉၅ နှင့် ၉၇ ဈေးနှုန်းများယခင်နေ့ထက်ကျဆင်းလာပြီး ကျန်စက်သုံးဆီဈေးနှုန်းများမှာ မြင့်တက်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

သြဂုတ် ၂၂ ရက်နေ့တွင် 92 တစ်လီတာလျှင် ၂၄၀၀ ကျပ် ရှိခဲ့ပြီး ယနေ့တွင် ၂၃၉၀ ကျပ်၊ ၉၅ တစ်လီတာဈေး ၂၄၉၀ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် ၂၄၈၀ ကျပ်၊ ၉၇ တစ်လီတာဈေးမှာ ၂၃၃၅ ကျပ်ရှိကြောင်း သိရသည်။

 

ယင်းအပြင် သြဂုတ် ၂၂ ရက်နေ့တွင် ဒီဇယ်တစ်လီတာလျှင် ၂၈၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၈၉၅ ကျပ်ရှိခဲ့ရာမှ ယနေ့တွင်(သြဂုတ်လ ၂၃ ရက်) ဒီဇယ်တစ်လီတာလျှင် ၂၈၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၉၄၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

Ymg/STH
#Yangon_Media_Group