#Local_News
Published - 23 August 2022

ပြီးခဲ့သည့် ဇူလိုင်လတစ်လအတွင်း ငါးတန်ချိန်ပေါင်း ၂၄၀၀၀ ကျော် ပြည်ပသို့တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ရရှိခဲ့ကြောင်း စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

ဇူလိုင်လအတွင်း တင်ပို့ခဲ့သည့် အဓိကပို့ကုန် ၁၀ မျိုးတွင် ငါးတင်ပို့မှုသည် တတိယနေရာမှာရှိခဲ့ပြီး အထည်ချုပ်ပြီးတင်ပို့မှုမှာ ပထမနေရာနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုသည် ဒုတိယနေရာတွင်ရှိခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် လျှပ်စစ်မီးအခက်အခဲ၊ ဒီဇယ်ဆီဈေးနှုန်း ကြီးမြင့်မှု၊ ကုန်သွယ်ရေးနှင့်ငွေကြေးမူဝါဒ အပြောင်းအလဲ၊ ငါးကုန်ကြမ်းရရှိမှု အခက်အခဲများကြောင့် ငါးအပါအဝင် ရေထွက်ကုန်တင်ပို့မှု ဆက်တိုက်လျော့ကျခဲ့သော်လည်း ဇွန်နှင့်ဇူလိုင်လတွင်တင်ပို့မှု ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

 

ဇွန်လအတွင်း တင်ပို့ခဲ့သည့် ငါးပမာဏသည် တန်ချိန်ပေါင်း ၁၇၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ သန်းနီးပါးသာရှိခဲ့သည့်အတွက် ဇူလိုင်လ တင်ပို့မှုပမာဏသည် ဇွန်လထက် အမေရိကန်ဒေါ်လာ ၇ သန်းနီးပါး ပို့ခဲ့ကြောင်း သိရသည်။

 

ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် တန်ဖိုးရှိသည့် ရေထွက်ကုန်တန်ချိန်ပေါင်း ၃၃၀၀၀ ကျော် တင်ပို့ခဲ့ ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄၃ သန်းကျော် တန်ဖိုးရှိသည့် ရေထွက်ကုန် တန်ချိန်ပေါင်း ၄၇၀၀၀ ကျော်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် တင်ပို့ခဲ့သည့် ရေထွက်ကုန်အမျိုးအစားမှာ ငါးတံခွန်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ရွှေငါးနှင့် ငါးရှဉ့်အရှင် အစရှိသည့် ရေထွက်ကုန်ပစ္စည်းများကို ထိုင်း၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ဂျပန်၊ စင်ကာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်စသည့် နိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group