Published_ 22 Aug 2022

ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ဖို့ တိုင်းရင်းသားကိုယ်စားလှယ်တွေအနှေင့် နိုင်ငံရေး စင်မြင့်တွင် ယခုထပ်ပိုမိုပါဝင်လာစေဖို့နှင့် အဲဒီအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်တာတွေဆောင်ရွက်ဖို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်

ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျောဆော်လမွန်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာ လင်းတို ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေကို ဗိုလ်ချူပ်မှူးကြီးက  ဩဂုတ် ၂၂ ရက် နံနက် ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရာမှာ ထည့်သွင်းပြောခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်

ထိုသို တွေ့ဆုံဆွေးနွေးရာတွင် နစကဥက္ကဋ္ဌက စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေး အတွက် တိုင်းရင်းသားကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ယခုထက် ပိုမိုပါဝင်လာရန်လိုအပ်သည့် အခြေအနေများ၊ ထိုသိုအနာဂတ်တွင် တိုင်းရင်းသားများ နိုင်ငံရေးစင်မြင့်ပေါ်သို ရောက်ရှိလာစေရေး ကြိုတင်ပြင်ဆင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်

ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး အတွက် ဆိုပါကတစ်သွေးတစ်သားတည်း၊ တစ်စိတ် တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောတူညီစွာ အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တိုကို အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်

ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲချုပ်(PNLO)ဥက္ကဋ္ဌ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌနှင့် အဖွဲဝင်များက လက်နက်ကိုင် ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများဖြင့် ဒေသနှင့် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေး တည်ဆောက်၍ မရနိုင်သည်ကို နားလည်သဘော ပေါက်ပြီး ငြိမ်းချမ်းမှုရရှိပြီး ဖွံဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်နေချိန်တွင် ဆင်ဖြူရတနာပေါ်ထွန်း လာမှုသည် လည်း နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် အတိတ်၊ နိမိတ်ကောင်း ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက် အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံဖြိုးတိုးတက်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်

ထို့နောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲသည် နစကမှ ဖွဲစည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ၊ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီတိုနှင့် ငြိမ်းချမ်းရေးဆွေးနွေး မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ygm_mnn

#Yangon_Media_Group

photo 6059931746801136228 y