#Local_News
Published -19 August 2022

 

NIVEA နှင့် Hansaplast ထုတ်လုပ်သည့် Beiersdorf Myanmar ဒီနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံဈေးကွက်မှ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

 

Beiersdorf သည် အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့် ဂျာမန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်တွင်း၌ နာမည်ကြီး NIVEA အလှကုန်ပစ္စည်းနှင့် Hansaplast ပလာစတာတိုကို ထုတ်လုပ်ရောင်းချနေခြင်းဖြစ်သည်။

 

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင်း ဈေးကွက်အခြေအနေတွေကြောင့် ဆက်လက်လည်ပတ်ရန် မဖြစ်နိုင်တော့သည့်အတွက် ယခုလို Beiersdorf ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံဈေးကွက်က ပြန်ထွက်ခွာမည် ဖြစ်သည်ဟု Beiersdorf Myanmar ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

 

Beiersdorf Myanmar အနေနှင့် သူ၏ မြန်မာနိုင်ငံထဲက ဈေးကွက်ကို ပြည်တွင်းက လူသုံးကုန်ပစ္စည်းဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ DKSH Myanmar ကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံတကာ ကုမ္ပဏီအချို့ ပြန်ထွက်ခွာသွားမှုများရှိနေပြီး တယ်လီနော၊ Total Energies စတဲ့ ကုမ္ပဏီများ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့သည်။

 

ymg/sth
#Yangon_Media_Group