#Local_News
Published_19 August 2022

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများက အထက်တန်းကျောင်းသားများ ပါဝင်နိုင်မည့်ဂျပန်-အာဆီယံအထက်တန်းအဆင့် Online Exchange ပရိုဂမ်တစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သိရသည်၊၊

 

အဆိုပါ ပရိုဂမ်ကို စက်တင်ဘာလ၁၂ရက်မှ ၂၂ ရက်အထိ zoom ဖြင့်ပြုလုပ်သွားမည်ဖြစ်ပြီး သဘာဝဘေးဆိုင်ရာနှင့် ငြိမ်းချမ်းရေးဆိုင်ရာ Schedule နှစ်ခုဖြင့် Exchange ပရိုဂမ် ပြုလုပ်သွားမည်ဖြစ်သည်၊၊

 

ဂျပန်-အာဆီယံ အထက်တန်းအဆင့် Online Exchange ပရိုဂမ်ကို အွန်လိုင်းကနေတစ်ဆင့် ပါဝင်နိုင်ပြီး ပါဝင်လိုသူများ သြဂုတ်လ(၂၄)ရက်နောက်ဆုံးထားပြီး Application Form တင်ထားရမည်ဟု ဆိုသည်၊၊

 

ယင်းပရိုဂမ်သည် ဂျပန်နှင့်အာဆီယံရှိ အထက်တန်းအဆင့်ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အသေးစိတ်သိလိုသူများ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး Page တွင် ကြည့်ရှုနိုင်ကြောင်းနှင့် စိတ်ပါဝင်စားသူများ စာရင်းသွင်းနိုင်ကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group