#Local_News
Published -19 August 2022

 

နစက၏ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် လက်ထဲတွင်ရှိသည့် နိုင်ငံပိုင်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက် ၂၇ ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာထားသည်။

 

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တိုတွင်ရှိသည့် နိုင်ငံပိုင် မြေကွက်များ၊ တိုက်ခန်းများ၊ အဆောက်အဦများကို ရောင်းချမည်ဖြစ်ပြီး အဆိုပါရောင်းချမည့်အဆောက်အဦတွေ၏ လိပ်စာတွေနှင့်တကွ ကြော်ငြာထားခြင်း ဖြစ်သည်။

 

ယင်းအပြင် ဝယ်ယူလိုသူတွေအနေဖြင့် အဆိုပြုလွှာတင်သွင်းပြီး ဝယ်ယူရမည်ဖြစ်ကာ တင်ဒါလျှောက်လွှာကို ဩဂုတ်လ ၁၉ ရက်မှ စက်တင်ဘာလ ၂ ရက်ထိ ရောင်းချပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဝယ်ယူသူများအနေဖြင့် လျှောက်လွှာတင်သွင်းသည့်အခါတွင်လည်း ဝယ်ဖိုအဆိုပြုထားသည့်နေရာကို သွားရောက်ကြည့်ရှုပြီးစီးပြီဖြစ်ကြောင်း ဝန်ခံချက်နှင့် ပူးတွဲတင် ပြရမည်ဟု ဖော်ပြထားသည်။

 

ymg/sth
#Yangon_Media_Group