#Local_News
Published_ 17 Aug 2022

 

ကရင်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရေးအတွက်ဒေသတွင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါတယ်။

 

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်မည့် True World Co., Ltd Managing Director နှင့်အဖွဲ့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

 

ထိုသို့တွေ့ဆုံရာတွင် True World Co., Ltd ၏ Managing Director ဦးစိုးဇေယျာက လှိုင်းဘွဲ့မြို့နယ်၊ ရေဘုတ်ရေလှောင်တမံတွင် Floating System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း တိုးတက်လုပ်ဆောင်နေမှု အခြေအနေကို တင်ပြခဲ့ပါတယ်။

 

ရေဘုတ်ရေလှောင်တမံ၌ လျှပ်စစ်ဓါတ်အား Floating 50 MW အပြင် အခြားသင့်လျှော်သောနေရာတစ်ခု၌ Ground Mounted 100 MW (၁၀၀ မီဂါဝပ်) ထုတ်လုပ်နိုင်ရေး ညှိနှိင်းပြင်ဆင် လျှက်ရှိပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group