#Local_News
Published -17 August 2022

 

ပြည်တွင်း စက်သုံးဆီစျေးနှုန်း 92၊ 95 မှာအကျရှိသော်လည်း ကျန်ဆီစျေးနှုန်းများမှာ အတတ်ဘက်သို့ ဦးတည်နေဆဲဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

 

သြဂုတ် ၁၆ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၂၃၆၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၃၄၅ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၂၄၄၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၄၂၀ ကျပ် သိုလည်းကောင်း စျေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် သြဂုတ်လ ၁၆ ရက်နှင့် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ဖြစ်ပြီး၊ ဒီဇယ် တစ်လီတာလျှင် ၂၇၀၀ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၇၈၅ ကျပ် ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၁၇ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၇၃၅ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၈၁၀ ကျပ် အထိ အနည်းငယ်စျေးမြင့်တက်လာခြင်းဖြစ်သည်။

 

ယင်းအပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များတွေ့ရှိပါက ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာဌာနမှ အသိပေးထုတ်ပြန်ထားသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

ymg/sth
#Yangon_Media_Group