#Local_News
Published - 12 August 2022

 

ရန်ကုန်မှ အခြားတိုင်းနှင့်ပြည်နယ်များကို ပြေးဆွဲပေးနေသည့် အဝေးပြေးယာဉ်လိုင်းများတွင် လူမဲ့တန်ဆာပစ္စည်းတင်ဆောင်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအများပြည်သူ သယ်ယူပို့ဆောင်ရေး ကော်မတီ (YRTC) မှ သိရသည်။

 

ရန်ကုန်တိုင်းအခြေပြု၍ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ကနေ ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများတွင် လူမပါဘဲ ပစ္စည်းပို့သည့် လူမဲ့တန်ဆာ တင်ဆောင်မှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း YRTC ကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

 

အဝေးပြေးယာဉ်လိုင်းများတွင် ကုန်ပစ္စည်းတင်ခွင့်မပြုရန် ယခင်ကတည်းက ညွှန်ကြားထား ခြင်းဖြစ်ပြီး ခရီးသည်မရှိသည့် ကိုဗစ်ကာလတွင် နားလည်မှုဖြင့် ကုန်ပစ္စည်းတင်ဆောင်မှုရှိသော်လည်း တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။

 

ရန်ကုန်ကနေ အခြားမြို့များကို ကုန်ပစ္စည်းတင်ပို့လိုသည့် ခရီးသည်များအနေဖြင့် ကုန်ပစ္စည်းတင်ပို့လိုပါက ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးနှင့် အခြားကုန်တင်ယာဉ်များနှင့်သာ ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group