Published 1 August 2022

ငြိမ်းချမ်းရေးအတွက် တံခါးကျယ်ကျယ်ဖွင့်ထားတယ်လို့ နစက ဥက္ကဋ္ဌလည်းဖြစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

နစက ၁၈လတာကာလ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ မိန့်ခွန်းတစ်ရပ်ကို ဒီကနေ့ ဩဂုတ်(၁)ရက်နေ့က ပြောကြားရာမှာ ဗိုလ်ချူပ်မှူးကြီးက အဲသလိုပြောကြားခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို သူကိုယ်တိုင် ဖိတ်ခေါ်ဆွေးနွေးခဲ့ရာမှာ ဆွေးနွေးပြီးသမျှတွေကို  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လက်ခံကြတယ်လို့လည်း သူကပြောပါတယ်။

အခြေခံဥပဒေကိုပြင်ဆင်ရာမှာ လွှတ်တော်ကသာ ပြင်ဆင်နိုင်တဲ့အတွက် တိုင်းရင်းသားပါတီတွေ ဒေသပါတီတွေ လွှတ်တော်ထဲရောက်လာဖို့လိုအပ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံမှာကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ FPTP စနစ်အပြင် အချိုးကျ ကိုယ်စားပြုစနစ် PR ကိုပါ ထည့်သွင်းဆောင်ရွက်သွားကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

#Senior_generl_Min_Aung_Hlaing

#Myanmar_Politics

#Myanmar_Peace_Process