#Local_News
Published _ 26 July 2022

 

Kaung For You စာသင်ကြားမှု အစီအစဉ်မှာ ပါဝင်သည့် ဆရာ၊ ဆရာမများနှင့်ငွေကြေးထောက်ပံ့မှုများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကျန်ရှိသည့် အဖွဲ့အစည်းများ၏ စာရင်းအား အသေးစိတ်ရရှိပြီးဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားရှိသည်။

 

Kaung For You မှာ စာသင်ခဲ့သည့် ဆရာ၊ ဆရာမများ ဥပဒေဘောင်ထဲ ဝင်ရောက်ကြရန် ထုတ်ပြန်ချက်တစ်စောင်ကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး Kaung For You ကျောင်းရဲ့ စာသင်ကြားမှု အစီအစဉ်မှာပါဝင်သည့် ဆရာ၊ ဆရာမများ၊ ငွေကြေးထောက်ပံ့မှုများ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းအားရရှိထားပြီးဖြစ်ပြီး ပါဝင်နေသည့် ဆရာ၊ ဆရာမများကို ဆက်သွယ်သတင်းပို့ရန် ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ယခုလို သတင်းပို့ ဆက်သွယ်လာသူများကို သတ်မှတ်စည်းကမ်းများနှင့်အညီ အေးချမ်းစွာနေထိုင်ရေးအား အာမခံချက်ပေးသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

 

ထို Kaun For You အွန်လိုင်းအခြေပြုစာသင်ကျောင်းမှာ CDM ပြုလုပ်ထားသည့် ဆရာ၊ ဆရာမများ ပါဝင်ခဲ့တာဖြစ်ပြီး ကျောင်းတည်ထောင်သူနှင့် ကျောင်းအုပ် ဖမ်းဆီးခံရပြီးနောက် ဆရာ၊ ဆရာမအချို့လည်း ဖမ်းဆီးခံရမှုများရှိခဲ့သည်။

 

အဆိုပါကျောင်းတွင် CDM ဆရာ၊ ဆရာမ ၄၀၀ ခန့် ချိတ်ဆက်ပြီး သင်ကြားနေကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်၊၊

 

ymg/NN
#Yangon_Media_Group