#Local_News
Published _ 25 July 2022

 

မော်လ်ဒိုက်၌ ဇူလိုင်လ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် ၅၄ ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲအား မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချူပ်မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ဝင်ရောက်ယှဉ်ပြိုင်ရာ၌ မအေးသန္တာခိုင်မှ အမျိုးသမီး Model Physique (အသက် ၄၀ နှစ်အထက်)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု၊ ကိုရဲထွန်းနောင်မှ အမျိုးသား(၇၀) ကီလိုတန်းမောင်ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုများ ရရှိခဲ့သည်။

 

ယင်းအပြင် မမီမီကျော်နိုင်မှ အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာအောက်)ပြိုင်ပွဲ၌ အဆင့်(၄)၊ မဝတ်ရည်ဖြိုးမှ အမျိုးသမီး Model Physique (Women Athletic Physique)ပြိုင်ပွဲ၌ အဆင့်(၄)၊ ကိုခင်မောင်ကျော်မှ အမျိုးသား(၈၀) ကီလိုတန်း မောင်ပြိုင်ပွဲ၌ အဆင့်(၄)၊ ကိုကျော်မင်းသန်းက အမျိုးသား (၅၅)ကီလိုတန်း မောင်ပြိုင်ပွဲ၌ အဆင့်(၅) အသီးသီးရရှိခဲ့ကြောင်း သိရသည်။

 

၅၄ ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုချန်ပီယံရှစ်ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့သည် ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး မြန်မာအားကစားအဖွဲ့အား ရန်ကုန်မြို့တော်စည်ပင် ဥက္ကဋ္ဌဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေချူပ်ဦးဌေးအောင်အပါအဝင် တာဝန်ရှိသူများ၊ ပြည်သူများက လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group