Published 23 July 2022

ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍  နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်းကနိုင်ငံတကာတရားဥပဒေများနှင့်အညီ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည် ဆောင်ရွက်သွားမယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာတရားဥပဒေကို  အဓိက ကိုင်တွယ်ဆုံးဖြတ်ရတဲ့ အဖွဲ့အစည်းဖြစ်တာနှင့်အညီ  ICJ ဟာ မှန်ကန်တဲ့

ICJ တရားရုံးက မြန်မာနိုင်ငံက တင်သွင်းတဲ့ ကန့်ကွက်ချက်တွေကိုပယ်ချတာဟာ ကမ္ဘာ့နိုင်ငံတွေအပေါ် သက်ရောက်မှုရှိတယ်လို့လည်းသူကပြောပါတယ်။

"နိုင်ငံတကာဥပဒေဆိုတာကကျွန်တော်တို့ပြည်တွင်းဥပဒေတွေလိုပုဒ်မတွေပြဌာန်းထားမှုတွေမရှိပါဘူး။သူကနိုင်ငံတကာတရားဥပဒေမှာကစီရင်ဆုံးဖြတ်တာတွေကဘယ်အပေါ်မှာမူတည်သလဲဆိုရင်နံပါတ်တစ်ကအရင်တုန်းကပြုလုပ်ခဲ့တဲ့စီရင်ထုံး တွေနံပါတ်နှစ်ကတော့အစဉ်အလာတွေပေါ့၊နံပါတ်သုံးကတော့ဥပဒေပညာရှင်တွေရဲ့အဆိုအမိန့်တွေမှာမူတည်ပြီးတော့အကြမ်းအားဖြင့်ဆုံးဖြတ်တာပေါ့။အခုအချိန်မှာတော့ဒီဆုံးဖြတ်ချက်ကမြန်မာနိုင်ငံအပေါ်မှာအကျိုးသက်ရောက်မှူရှိလိမ့်မယ်လိုအားလုံးကပြောတာပါပဲ။သို့သော်တကယ်တွက်ကြည့်ရင်ဒီဆုံးဖြတ်ချက်သည်စီရင်ထုံးဖြစ်သွားတာဖြစ်တယ်။စီရင်ထုံးဖြစ်သွားတာဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအားလုံးအပေါ်မှာသက်ရောက်ပါတယ်။ကျွန်တော်တို့အနေနဲ့ကရှေ့ဆက်လက်ပြီး တော့တရားဥပဒေနဲ့အညီ ၊ နိုင်ငံတကာတရားဥပဒေနဲ့အညီ မြန်မာနိုင်ငံအစိုးရအနေနဲ့ခိုင်ခိုင်မာမာရပ်တည်  ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိုင်စီဂျေအနေနဲ့လည်းနိုင်ငံတကာတရားဥပဒေကိုအဓိကကိုယ်တွယ်ဆုံးဖြတ်ရတဲ့အဖွဲအစည်းဖြစ်တာနဲ့အညီ နိုင်ငံတကာတရားဥပဒေမှာမှန်ကန်တဲ့မှတ်ကျောက်အတင်ခံနိုင်လိမ့်မယ်လို့ကျွန်တော်ဆက်လက် မျှော်လင့်ထားလျက်ရှိပါတယ်။နံပါတ်သုံးကတော့ကျွန်တော်တို့ကုလသမဂ္ဂမှာအဓိကပင်မအဖွဲ့အစည်း(၆)ဖွဲ့ရှိပါတယ်။အဲဒီ(၆)ဖွဲ့ထဲမှာအိုင်စီဂျေက လည်းအပါအဝင်ပဲ၊သူကတရားစီရင် ရေးမဏ္ဍိုင်ပေါ့။ကျန်တဲ့အဖွဲ့တွေကြားထဲမှာကုလသမဂ္ဂရဲ့ပင်မအဖွဲအစည်း(၆)ဖွဲ့ထဲမှာအိုင်စီဂျေမှအပ ကျန်တဲ့အဖွဲ့တွေကမြန်မာနိုင်ငံအစိုးရ ကျွန်တော်တို့ရပ်တည်မှုနဲ့ပတ်သက်ပြီးသံသယရှိတယ်၊အငြင်းပွားဖွယ် ပေါ့ဗျာ။ဒါတွေ ဆောင်ရွက်နေတာရှိတယ်။သို့သော်အိုင်စီဂျေအနေနဲ့ကမြန်မာနိုင်ငံအစိုးရရဲ့  ကိုယ်စားလှယ်တွေကိုလက်ခံပြီး ဆောင်ရွက်ခဲ့ခြင်းကတရားဥပဒေအရပေါ့၊နိုင်ငံတကာတရားဥပဒေအရမြန်မာနိုင်ငံအစိုးရရဲ့ ရပ်တည်ချက်ကိုဒါအသိအမှတ်ပြုတယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်"လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံအနေနဲ့ သူတို့အခေါ် ရိုဟင်ဂျာမွတ်ဆလင်(ဘင်္ဂါဘီ) တွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့ အမှုမှာ ICJ တရားရုံးကနေ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့မြန်မာဘက် က တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်ချက် လေးချက်လုံးကို တရားသူကြီးတွေက ပယ်ချပြီး တရားရုံးကနေ ဒီအမှုကို ဆက်လက် ကြားနာစစ်ဆေးဖို့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်လိုက်တာပါ။

မြန်မာဘက်က တင်သွင်းခဲ့တာမှာ ပထမ ကန့်ကွက်ချက်အနေနဲ့ ဒီအမှုနဲ့ပတ်သက်လို့ အမှန်တကယ် တရားစွဲဆို တိုင်ကြားသူဟာ ဂမ်ဘီယာ နိုင်ငံမဟုတ်ဘဲ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(OIC)က နောက်ကွယ်က စေခိုင်းနေတာဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။

ဒုတိယ ကန့်ကွက်ချက် ကတော့ တရားစွဲဆိုသူ ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ ဒီအမှု မှာ တိုက်ရိုက် ထိခိုက်နစ်နာမှုမရှိဘူး ဆိုတဲ့အကြောင်းပြချက်နဲ့  မြန်မာနိုင်ငံပါဝင် လက်မှတ်ထိုးထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး သဘောတူညီ ချက် ဂျနီဗာ ကွန်ဗင်းရှင်းရဲ့ အခန်း (ဂ) အရ ICJ တရားရုံးကနေ စီရင်ခွင့် မရှိဘူးဆိုတာ ဖြစ်ပါတယ်။

တတိယ ကန့်ကွက်ချက် ကတော့  ICJ တရားရုံးဟာ နိုင်ငံတွေအကြားမှာ အငြင်းပွားမှု တွေကို စစ်ဆေး ဆုံးဖြတ်ပေးရတာ ဖြစ်ပြီး ဂမ်ဘီယာဘက်က တရားစွဲဆိုချိန်မှာ မြန်မာ နိုင်ငံနဲ့ အငြင်းပွားမှု မရှိတဲ့အတွက် တရားရုံးအနေနဲ့ စီရင်စစ်ဆေးခွင့် မရှိတဲ့အ ကြောင်းကိုတော့ စတုတ္ထ ကန့်ကွက်ချက်အဖြစ် တင်သွင်းခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းကသူတို့အခေါ် (ရိုဟင်ဂျာမွတ်ဆလင်) တွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်တာတွေလုပ်တယ်လို့စွပ်စွဲပြီး လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးကွန်ဗင်းရှင်းပါ သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး မြန်မာနိုင်ငံကို အရေးယူပေးဖို့ ၂၀၁၉ ခုနှစ်မှာ  ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ymg/mt

Yangon_Media_Group

#ICJ_Myanmar

#Myanmar_Politics