#LocalNews
Published - 19 July 2022

 

တောင်ကိုရီးယား အလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ (EPS) ဝင်ရောက်ဖြေဆိုသူများ၏ ခုံနံပါတ်ကို ကျပမ်းစနစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါခုံနံပါတ်သတ်မှတ်ပေးခြင်းမှာ လျှောက်လွှာတင်သွင်းသည့်နေ့နှင့် မသက်ဆိုင်ကြောင်း ဖော်ပြထားသည်။

 

ကိုရီးယားနိုင်ငံမှ အလုပ်သမားခေါ်ယူရာတွင် စာမေးပွဲအောင်မြင်ထားသူများ၏ ခုံနံပါတ်စောသူကို ဦးစားပေးခေါ်ယူသည်ဆိုသည့် သတင်းများထွက်ပေါ်နေသည့်အပေါ် POEA က ရှင်းလင်းအသိပေးခြင်းဖြစ်ပြီး ဇူလိုင်၂၃ရက်အထိ လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းအပြင် လျှောက်လွှာကို တစ်ကြိမ်သာတင်ရမည်ဖြစ်ကြောင်း၊လျှောက်လွှာတင်သည့်အခါတွင်လည်း လုပ်ငန်းတစ်မျိုးတည်းသာ ရွေးချယ်လျှောက်ထားရန်နှင့် လက်ရှိတွင် Andriod 10 အောက်ဖုန်းဖြင့်သာ လျှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

EPS စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်လက်ရှိအချိန်အထိ လျှောက်ထားသူ ၁၀,၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း၊အဆိုပါစာမေးပွဲကို သြဂုတ်လမှ ဒီဇင်ဘာလအထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group