#LocalNews
Published_19 July 2022

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် တတိယနေရာလုပွဲတွင် ဗီယက်နမ် အသင်းကိုး ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိပြီး ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။

 

ဇူလိုင်လ ၁၈ ရက် ည ၈ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းတို့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဝင်များ၊ အဖွဲ့ချုပ်တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် ယူ ၁၉ နှင့် ယူ ၁၆ အမျိုးသမီး အသင်းများ၊ မိသားစုဝင်များက သွားရောက် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းအနေဖြင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲပြီးနောက် ဆက်လက်ပြိုင်ပွဲဝင်ရန်ရှိသည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ymg/mt
#Yangon_Media_Group