#LocalNews
Published_18 July 2022

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိစက်ရုံများတွင်လုပ်ကိုင်ကြမည့် မြန်မာ MoU လုပ်သားများ ထပ်မံသွားရောက်ခွင့်ရကြောင်း အလုပ်သမားအေဂျင်စီများထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၈ ရက်က အမျိုးသား ၅၅ဦး၊ အမျိုးသမီး ၂၉ဦး စုစုပေါင်း အလုပ်သမား ၈၄ ဦးအား ကော့သောင်း - ရနောင်း ရေလမ်းကြောင်းကနေ ထပ်မံစေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းတို့မှာ ဘန်ကောက်မြို့ ခြင်ဆေးခွေစက်ရုံ ၊ ရာဘာအရည်ထုတ်စက်ရုံများတွင် အလုပ်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU ဖြင့်ခေါ်ယူသော အလုပ်သမားများထဲမှ ကော့သောင်းကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်ခြမ်းသို့ ရေလမ်းဖြင့် ပြီးခဲ့သည့် မေလတွင် စတင်ဝင်ရောက်ခဲ့ရာ ဇူလိုင်လ ၁၈ ရက်ထိ (၁၁)ကြိမ်ရှိကာအလုပ်သမားဦးရေ ၁ဝ၁၄ ဦး ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group