#Local_News
Published _ 9 June 2022

 

ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးသည် ဇူလိုင် ၆ ရက်က ထိုင်းနိုင်ငံ၊ သုဝဏဘူမိလေဆိပ်မှတဆင့် စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီးဆက်လက်သွားရောက်ခဲ့သည်။

 

သွားရောက်ရာတွင် စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်သို့ရောက်ရှိလာသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများလေ့လာရေးအဖွဲ့အား စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထူးချွန်ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့သည် မြန်မာသံရုံး၌ သံရုံးယာယီတာဝန်ခံဦးစိုးမြင့်က လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ညစာဖြင့် တည်ခင်းဧည့်ခံပြီးနောက် ထူးချွန်ကျောင်းသားကျောင်းသူများသည် Gardens by the Bay သို့ သွားရောက်လည်ပတ်ကြသည်။

 

ယင်းပြင် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံရှိ Sentosa Beach, Palawan Beach နှင့် Siloso Beach များသို့ သွားရောက်လည်ပတ်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

 

မွန်းလွဲပိုင်း၌ Universal Studios Singapore သို့ သွားရောက်လည်ပတ်ပြီး Waterfront Station မှမိုးပျံရထားစီးနင်း၍ VivoCity Station သို့သွားရောက်ကာ ကားများဖြင့် Science Center Singapore သိပ္ပံပြတိုက်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှုလေ့လာကြသည်။

 

ယင်းနောက် Nanyang Technological University-NTU သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကာ တက္ကသိုလ်အတွင်းလှည့်လည်ရှင်းလင်းပြသကာ Vivo City သို့လည်းသွားရောက်လည်ပတ်၍ စျေးဝယ်ခဲ့ကြသည်။

 

ထို့အတူ Time Capsule တွင် စင်္ကာပူနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှုသမိုင်းကြောင်းအား လေ့လာကြည့်ရှုကာ Singapore Flyer စီးနင်း၍ စင်ကာပူတစ်မြိုလုံး၏ ညအလှရှုခင်းကို ခံစားကြည့်ရှုကြသည်။

 

အလားတူ ဇူလိုင် ၈ ရက်တွင် Lavender ဘူတာမှ Raffles Place ဘူတာသို့ MRT ရထားစီးနင်း၍ စင်္ကာပူမြစ်ဘေးရှိ Boat Quay သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ထို့နောက် Fullerton Hotel နှင့် Asian Civilisations Museum ကြားရှိ Mirror Balls အားလေ့လာကြည့်ရှုပြီး စင်ကာပူနိုင်ငံ၏ အထိမ်းအမှတ်ဖြစ်သည့် Merlion ရုပ်ထုပန်းခြံ၊ East Coast Park ပန်းခြံတို့သို့ သွားရောက်လည်ပတ်ကြသည်။

 

ထို့အတူ IKEA ဈေးဝယ်စင်တာသို့ သွားရောက်ခဲ့ကြပြီး ချန်ဂီလေဆိပ်ရှိ Jewel Changi Airport သို့ ရောက်ရှိလေ့လာကြကာ ညပိုင်းတွင် စင်ကာပူနိုင်ငံမှရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

 

နစက ဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး၌ အမှတ်အများဆုံး အဆင့် ၁ မှ အဆင့် ၁၀ အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးအား ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့်စင်္ကာပူနိုင်ငံများသို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 

ymg/NN
#Yangon_Media_Group