Published_ 7 July 2022

တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာမီက နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘ ဘိုးဘွားများလက်ထက်က ထိန်းသိမ်း ထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ ပါကြောင်း၊ အဆိုပါပတ္တမြားကို တာဝန်ရှိသူများဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက် တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ ရှိရပါကြောင်း၊ ထိုကြောင့် တပ်မတော် အနေဖြင့် နိုင်ငံတော်သို ပေးအပ်လှူဒါန်းရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အလားတူပင် ၁၉၉၀ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ အစိုးရလက်ထက်တွင် နိုင်ငံတော်သို ၄၉၆ ကာရက်ရှိပတ္တမြား လှူဒါန်းမှုအား လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို လှူဒါန်းမှု လက်ခံရရှိခဲ့ကြောင်း၊ ယခု လှူဒါန်းသည့် ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားပါကြောင်း၊ ယခုပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား(နစက)အဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု တပ်မတော်မှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိကာ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင် (Red with Purplish tint) ဖြစ်ပြီး မိုးကုတ်ရတနာနယ်မြေမှ ထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။

ymg-mnn

#Yangon_Media_Group